မြန်မာစာဖြင့် ဖုန်းခေါ်ဆိုမှုများ၊ ဖုန်းအတွင်းပိုင်း
လုပ်ဆောင်ချက်များကို မြန်မာဘာသာဖြင့် အပြည့်အ၀နီးပါး အသုံးပြုနိုင်မည့်
မိုဘိုင်းဖုန်းတစ်မျိုး ၀င်ရောက်လာကြောင်း သိရသည်။
အဆိုပါ မိုဘိုင်းဖုန်းအမှတ်တံဆိပ်မှာ JAS ဖြစ်ပြီး လက်ရှိမော်ဒယ် အမှတ်
JAS 6 ထိ ၀င်ရောက်ထားကြောင်း သိရသည်။ SMS စာပို့စနစ်တွင်
မြန်မာဂဏန်းရိုက်နှိပ်နိုင်ခြင်း၊ Social Network
များတွင်
မြန်မာစာအသုံးပြုနိုင်ခြင်း၊ မြန်မာပြက္ခဒိန်နှင့် မြန်မာဘာသာဖြင့်
အသုံးပြုနည်းစာအုပ် (User manual) စသည်တို့ အသုံးပြုနိုင်ကြောင်း သိရသည်။
ထို့အပြင် မြန်မာစာစနစ်လက်ကွက်တွင် အသုံးပြုသူမှ အက္ခရာတစ်လုံး
ရိုက်နှိပ်ပြီးပါက အကြံပြုချက်များကို လိုင်းနှစ်လိုင်းဖြင့်
ဖော်ပြပေးမည်ဖြစ်ကြောင်း သိရသည်။ အရေးပေါ်ခေါ်ဆိုမှုအနေဖြင့်လည်း
အရေးပေါ်ခေါ်ဆိုမှု ခလုတ်တစ်ချက်နှိပ်ရုံဖြင့် မိမိအရေးပေါ်အခြေအနေ
ဖြစ်လျက်ရှိကြောင်းကို တည်နေရာနှင့်တကွ စာတိုစနစ်ဖြင့်
ပေးပို့မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါစနစ်ဖြင့် ပေးပို့ရာတွင်
မိမိပေးပို့လိုသည့် လူသုံးဦးအား ထည့်သွင်းထားနိုင်ပြီး ရဲစခန်းသို့
အလိုအလျောက်ဖုန်းခေါ်၍ ““အကူအညီပေးပါ”” ဟူသောအသံဖိုင်ကို
ပေးပို့မည်ဖြစ်ကြောင်း သိရသည်။ မိုဘိုင်းဖုန်း အာမခံစနစ်ကိုလည်း
အာမခံကတ်ပြား အသုံးပြုချင်းမရှိဘဲ ဖုန်းအတွင်း
တိုက်ရိုက်ဖြည့်စွက်နိုင်ကြောင်း၊ အလိုအလျောက်မှတ်တမ်းတင်သည့်စနစ်
ပါဝင်ကြောင်း သိရသည်။ အသေးစိတ်သိရှိလိုသူများ၊ ၀ယ်ယူလိုသူများအနေဖြင့်
ဖုန်း - ၀၉-၄၅၁၂၃ ၀၀၀၀ သို့ ဆက်သွယ်နိုင်မည်ဖြစ်သည်။
credit to internet journal
admin ye mann
No comments:
Post a Comment